Skip to main content

သြစတြေးလျန်း ဆိပ်ကမ်းဘောတံတား လုပ်သားများ၏ အခွင့်အရေးများကို လေးစားရမည် – ITF

news 02 Oct 2020

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် Patrick Stevedores နှင့် သြစတြေးလျန်း ပင်လယ်ရေကြောင်း သမဂ္ဂ (Maritime Union of Australia (MUA)) အကြား ပေါ်ပေါက်နေသည့် လုပ်ငန်းကဏ္ဏဆိုင်ရာ အငြင်းပွားမှုတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း ကုမ္ပဏီအများအပြားနှင့်တကွ သြစတြေးလျနိုင်ငံ အစိုးရအပါအဝင်ကပင် သူတို့သည် မျှတသော လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်လုပ်ခ သဘောတူစာချုပ်အတွက် စုပေါင်း၍ ညှိနှိုင်းတောင်းဆိုရန် ဆိပ်ကမ်းအလုပ်သမားများ၏ အခွင့်အရေးကို နစ်နာအောင်လုပ်နေကြသည်ဟု  a Patrick အား သတိပေးရန် ဝင်ရောက်ပြောဆိုခဲ့သည်။

Patrick သည် MUA ‘ငြိမ်းချမ်းရေးကို လက်ခံသင့်ပြီး အငြင်းပွားမှုကို အဆုံးသတ်သင့်သည်

ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ အဖွဲ့ချုပ်သည် သြစတြေးလျနိုင်ငံ အစိုးရထံမှ ထွက်ပေါ်လာသည့် မိန့်ခွန်းကြောင့် အကြီးအကျယ် စိုးရိမ်ခဲ့ရသည်၊ ဝန်ကြီးချုပ် Scott Morrison က ဤအပတ်တွင် ဆိပ်ကမ်းအလုပ်သမားများ၏ ဥပဒအရ လုပ်ငန်းဆိုင်ရာ အရေးယူဆန္ဒပြမှုကို ဖြိုခွင်းရန် လက်နက်ကိုင်တပ်ဖွဲ့များ စေလွတ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့ပြီး သြစတြေးလျနိုင်ငံ ဥပဒေပြဌာန်းချက်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပါ ၎င်းတို့၏ အခွင့်အရေးများကို ၎င်းတို့အပေါ် ငြင်းပယ်သောကြောင့်ဖြစ်ပါသည်။

 “ဤဆိပ်ကမ်းအလုပ်သမားများသည် ဥပဒေပါ ပြဌာန်းချက်ကို လိုက်နာခဲ့ရသည့်နေရာ၌ အခက်အခဲ ကျွန်ုပ်တို့တွင် ရှိနေသည်။ သူတို့သည် ဤကမ္ဘာ့ရောဂါကပ်ဘေးကြီး အတောအတွင်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ ဆက်လက်တည်ရှိနေရန်နှင့် စျေးဆိုင်စင်များတွင် ကုန်စည် ပြတ်လပ်မှုမရှိစေရန် အချိန်ပြည့် အလုပ်လုပ်ခဲ့ကြပါသည်။ ယခုသော် ၎င်းတို့၏ အလုပ်ရှင်များက ၎င်းတို့၏ အလုပ်ခွင် အခြေအနေများကို ကြီးကြီးကျယ်ကျယ် ဖြတ်တောက်မှုများအား ဟန့်တားပေးရန် ဤအလုပ်သမားများဘက်မှနေ၍ ရပ်တည်ပေးရန် အချိန်ကျရောက်လာပါပြီ၊ ထိို့ပြင် ၎င်းတို့၏ ကိုယ်ပိုင် အစိုးရသည် ၎င်းတို့ကို ဆန့်ကျင်၍ ပွင့်ပွင့်လင်းလင်းပြောရသော် အရူးချီးပန်းနှင့် ဒီမိုကရေစီ မဆန်စွာဖြင့် အခြားတစ်ဖက်နှင့်ပူးပေါင်း၍ အပြစ်တင်ဝေဖန်နေကြပါသည်။

 “ကျွန်ုပ် ၎င်းကို နားလည်သလောက်၊ MUA သည် တစ်ခါသာမကဘဲ ယခု သုံးကြိမ်တိုင်တိုင် သြစတြေးလျနိုင်ငံနှင့် ကမ္ဘာအတွက် ခက်ခဲသည့်အချိန်အခါ၌ မလိုလားအပ်သော အငြင်းပွားမှုကို ရှောင်ကြဉ်ရန် လက်ရှိ သဘောတူစာချုပ်ကို ပြန်လည်ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ပါသည်။

Cotton ကပြောကြားခဲ့သည်မှာ MUA သည် အငြင်းပွားမှုမှာ သြစတြေးလျနိုင်ငံလူများအပေါ် မကောင်းသော သက်ရောက်မှု မဖြစ်ခဲ့ကြောင်း သေချာစေရန် ကြိုးစား၍ လုပ်ကိုင်ခဲ့သည်၊ ကမ္ဘာ့ရောဂါကပ်ဘေးကြီးအတောအတွင်း ကုန်စည်များကို ဂုဏ်ယူစွာဖြင့် ဆက်လက် ဖြန့်ချီပေးနေသည့် ဤအတူတူ ဆိပ်ကမ်းအလုပ်သမားများပင်ဖြစ်ပါသည်။ 2020 ခုနှစ် စက်တင်ဘာလ 2 ရက်နေ့တွင် MUA သည် Patrick ထံသို့ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းမည့် အရေးယူလုပ်ဆောင်ချက်တစ်ခုခုအားဖြင့် ဆေးဝါးဖြန့်ချီပစ္စည်းများကို တင်ပို့နိုင်အောင် သေချာစေရန် အစီအမံများကိုလုပ်ပေးရန် မေတ္တာရပ်ခံစာ ရေးသားခဲ့ပါသည်။

 “လွန်ခဲ့သည့်နှစ်ပတ်ကျော်ကျော်က၊ MUA သည် အကယ်၍ ကုမ္ပဏီက လက်ရှိ အလုပ်ခွင် အခြေအနေများကို ဖျက်သိမ်းရန် ၎င်း၏ ကြိုးပမ်းမှုများကို ရပ်ဆိုင်းပြီး အဓိပ္ပါယ်ရှိသော ညှိနှိုင်းရေးကို ပြန်လည်လုပ်မည်ဆိုပါက Patrick ကုန်တင်ဆိပ်ကမ်းများတွင် လုပ်ငန်းဆိုင်ရာ ဆန္ဒပြအရေးယူမှုအားလုံးကို ရပ်ဆိုင်းပေးရန် ကမ်းလှမ်းခဲ့သည်။ ကုမ္ပဏီသည် ဤကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

 “အပြည််ပြည်ဆိုင်ရာ လေ့လာသူများအတွက် ရှင်းရှင်းလင်းလင်းဖြစ်သည်မှာ MUA က ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေစဥ် Patrick Stevedores နှင့် Morrison အစိုးရအဖွဲ့ရှိ ၎င်းတို့၏ မဟာမိတ်များသည် ဤမရှိမဖြစ် လိုအပ်သည့် အလုပ်သမားများ၏ လုပ်ခများနှင့် အလုပ်အကိုင်အခြေအနေများကို ဖြတ်တောက်ရန် Patrick ၏ အကြံအစည်ကို ပိုမိုချဲ့ထွင်ရေးအား ကြံစည်နေကြသည်။

 “Patrick Stevedores သည် အကျပ်အတည်းကို  Port Botany ဆိပ်ကမ်းသို့ တို့ချဲ့ပေးရန် ကြိုးပမ်းနေပုံရသည် သို့မှသာ ကုမ္ပဏီသည် အလုပ်ခွင် အခြေအနေများ၏ စာမျက်နှာပေါင်း 30 ကို ပယ်ဖျက်ရန် ၎င်း၏ အစီအစဥ် အထမြောက်နိုင်မည်ဖြစ်သည်။

 “ဤအငြင်းပွားမှုသည် ယခင် လစ်ဘရယ် ပါတီ အစိုးရက ဆန္ဒပြမှု ဖြိုခွင်းမည့် လုပ်သားထုကို လျှို့ဝှက်လေ့ကျင့်ပေးခြင်းကိုထောက်ခံခဲ့ပြီး လစ်ဘရယ် ဝန်ကြီးများက ဆိပ်ကမ်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအား ခြောက်လှန့်ရန် ၎င်းတို့၏ အနေအထားကို အသုံးချခဲ့သည့်အချိန်က 1998 ခုနှစ် ရေကြောင်း ငြင်းခုံပွဲကြီး (1998 Waterfront Dispute) ၏ ရှည်လျားသော လောင်းရိပ်အောက် ကျရောက်ပါသည်။

 “ရှင်းရှင်းလင်းလင်း ပြောပါရစေ - အပြည်ပြည်ဆိုင်ရာ သမဂ္ဂ လှုပ်ရှားမှုသည် ငြိမ်သက်ပြီး ရပ်တည်နေမည် မဟုတ်သည့်အပြင် 1998 ခုနှစ်က ကြိုးပမ်းခဲ့သည့်အရာကို ထပ်မံ သွတ်သွင်းခွင့်ပြုမည် မဟုတ်ပါ။ ဤ သြစတြေးလျန်း အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် အကယ်၍ အစိုးရကပင် လုပ်မည် မဟုတ်သည့်တိုင် ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ အင်အားနှင့် ပြန့်ကြဲနေသည့် အဆက်အသွယ်ကွန်ခြာ အားလုံးကို ကျွန်ုပ်တို့ အသုံးပြုပါမည်။ဟု Cotton က ပြောကြားခဲ့သည်။

 

တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း လိုင်းများ နို့တစ်စာ တင်သွင်း

ITF ပင်လယ်ရေကြောင်း ညှိနှိုင်းရေး အရာရှိဖြစ်သူ Jacqueline Smith က ပြောကြားခဲ့သည်မှာ ITF သည် အနည်းဆုံး အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း ကုမ္ပဏီများနှင့် စကားပြောဆိုပွဲများ ရှိပါလိမ့်မည်၊ အဆိုပါ ကုမ္ပဏီများမှာ ၎င်းတို့ကိုယ်တိုင် အငြင်းပွားမှု၌ ဆိပ်ကမ်း ကုမ္ပဏီဘက်မှနေ၍ ပါဝင်ပတ်သက်နေခဲ့ကြောင်း အဖွဲ့ချုပ်အနေဖြင့် ယုံကြည်ပါသည်။

 “ကျွန်ုပ်တို့ နားလည်သည်မှာ သင်္ဘောများကို Botany မှ သြစတြေးလျန်း အခြား ဆိပ်ကမ်းများသို့ မလိုအပ်ဘဲ လမ်းလွဲပေးခဲ့သည်၊ ကုန်စည်ကို နှေးကွေးစေရန် သို့မဟုတ် ရပ်ဆိုင်းစေရန် ရည်ရွယ်၍ လုပ်ငန်းဆိုင်ရာ အရေးယူမှု တစ်ခုခု ဆောင်ရွက်နေခြင်း မရှိသည့်တိုင်အောင်ပင် ဖြစ်ပါသည်။ဟု Smith က ပြောကြားခဲ့သည်။

 “Port Botany ဆိပ်ကမ်းရှိ ဆိပ်ကမ်းအလုပ်သမားများမှာ ၎င်းတို့၏ သင်္ဘောများကို လမ်းကြောင်းလွဲပေးရန် ကုမ္ပဏီများ၏ ဆုံးဖြတ်ချက်များအတွက် တစ်နည်းနည်း တာဝန်ရှိကြောင်း မှားယွင်းသော အမြင်ရှိမှုကို ဤကုမ္ပဏီများက ဖန်တီးနိုင်သည့် အန္တရာယ်ရှိပါသည်။ ဆိပ်ကမ်းအလုပ်သမားများတွင် တာဝန်မရှိပါ။

 “ကျွန်ုပ်တို့အနေဖြင့် ကုမ္ပဏီအားလုံးအား ပင်လယ်ရေကြောင်း ကဏ္ဍ၌ အလုပ်သမားများ၏ အခြေခံ အခွင့်အရေးများကို ထိန်းသိမ်းပေးရန် တိုက်တွန်းပါသည်၊ စုပေါင်းညှိနှိုင်းရန် အခွင့်အရေးနှင့် ၎င်းတို့၏ ခက်ခက်ခဲခဲ တိုက်ယူထားသည့် အလုပ်ခွင် အခြေအနေများကို ကာကွယ်ပေးရန် ဖြစ်သည် - ရေပြင်ပေါ်နှင့် ရေပြင် ပြင်ပ နှစ်မျိုးလုံး၌ဖြစ်ပါသည်။ သင်္ဘောလုပ်ငန်း ကုမ္ပဏီများ၏ လုပ်ရပ်အားဖြင့် သူတို့သည် တစ်ဖက်ကို ထောက်ခံပေးခြင်း ဖြစ်ကောင်းဖြစ်ပုံရသည် သို့မဟုတ် အခြား တစ်ဖက်သည် ဤကုမ္ပဏီများ၏ ဂုဏ်သတင်းကို ကြီးကြီးကျယ်ကျယ်နှင့် မပြင်ဆင်နိုင်သော နည်းလမ်းဖြင့် ထိခိုက်သည့်ပုံပေါက်ပါသည်၊ဟု Smith က ပြောကြားခဲ့သည်။

 

 ‘ဗိုင်းရပ်စ် သဖွယ်လုပ်ခ ဖြတ်တောက်မှု ပြန့်နှံ့နေခြင်းကို ရပ်ဆိုင်းရန် ဆိပ်ကမ်းအလုပ်သမားများ စည်းလုံးညီညွတ်ရေး

ITF ဆိပ်ကမ်းအလုပ်သမားများ ဌာနခွဲ ညှိနှိုင်းရေးအရာရှိဖြစ်သူ Enrico Tortolano က ပြောကြားခဲ့သည်မှာ ကမ္ဘာတစ်ဝန်း ဆိပ်ကမ်းအလုပ်သမားများသည် ယခုအခါ MUA နှင့် ပခုံးချင်း ယှဥ်တန်း၍ ရပ်တည်ပေးရန် အသင့်ပြင်နေပြီးဖြစ်ပါသည်။

 “ကမ္ဘာတစ်ဝန်းရှိ  ITF ဆိပ်ကမ်းအလုပ်သမားများ၏ မိသားစုသည် ကျွန်ုပ်တို့၏ Port Botany နှမတော်များနှင့် ညီအစ်ကိုတော်များအတွက် လုပ်ငန်းဆိုင်ရာ ထိုးနှက်တိုက်ခိုက်ခြင်း အလုပ်ကို တားဆီးပေးရန် ကျွန်ုပ်တို့လုပ်နိုင်သမျှ အရာတိုင်းကို လုပ်ပေးပါမည်၊ဟု Tortolano က ပြောကြားခဲ့သည်။

 “Patrick Stevedore သည် လက်ရှိ၌ ရှိရင်းစွဲ စာချုပ်ကို ပြန်လည်ညှိနှိုင်းရန် မလိုလားလျက်ရှိနေပြီး ၎င်းအစား အလုပ်သမားများ၏ အလုပ်ခွင်အခြေအနေများကို ကြီးကြီးကျယ်ကျယ် ဖြတ်တောက်မှုများလုပ်ရန် တောင်းဆိုနေကြကြောင်း အပြောအဆိုများက အဓိပ္ပါယ်သက်ရောက်နေသည်။

 “အများစုသော ကာလအပိုင်းအခြားတစ်လျှောက်တွင် ဆိပ်ကမ်းအလုပ်သမားများသည် အလုပ်လုပ်သူလူတန်းစား အားလုံးအတွက် ပိုမိုကောင်းမွန်သည့် လုပ်ခများနှင့် အခြေအနေများ ဆောင်ကျဉ်းပေးရာ၌ အရေးအပါဆုံး အခန်းကဏ္ဍမှနေ၍ လုပ်ကိုင်ပေးခဲ့ပါသည်။ ဤကမ္ဘာ့ရောဂါကပ်ဘေးကြီးအတွင်း ယခု၌ ဆိပ်ကမ်းအလုပ်သမားများအား လက်ရှိ စည်းမျဥ်းများကို ထိန်းသိမ်းထားရန်နှင့် လူ့အဖွဲ့အစည်းမှတစ်ဆင့် ကူးစက်သည့် ဗိုင်းရပ်စ်ကဲ့သို့ လုပ်ခနှင့် အခြေအနေ ဖြတ်တောက်မှုများ ပြန့်နှံ့ခြင်းကို ဟန့်တားရန် နောက်ထပ်တစ်ဖန် လုပ်ခိုင်းခံရပုံပေါက်ပါသည်၊ဟု Tortolano က ပြောကြားခဲ့သည်။

 

ON THE GROUND

news 21 Dec 2023

ပင်လယ်နီ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သင်္ဘောသားများ၏ လုံခြုံရေးအတွက် ITF တောင်းဆို

ပင်လယ်နီတွင် ကုန်သွယ်သင်္ဘောများအား တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ( International Transport Workers' Federation ( ITF) ) သည်
news Press Release 19 Dec 2023

ITF သည် San Marino ကို အလံငှါးနိုင်ငံ စာရင်းသွင်း

မကြာသေးမီက ဆန်ဒီးရားဂိုးမြို့၌ ကျင်းပခဲ့သည့် ITF မျှတသော လုပ်ကိုင်ပုံများ ကော်မတီ (ITF Fair Practices Committee) ၏ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်
news Press Release 18 Dec 2023

နည်းဗျူဟာကျသော သင်္ဘောအုပ်စုကို ကန့်ကွက်သည့် သြစတြေးလျ သင်္ဘောလုပ်ငန်း လီမိတက် (Shipping Australia Limited’s) ကို ITF က ပြစ်တင်ရှုတ်ချ

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် ယနေ့၌ သြစတြေးလျနိုင်ငံ အလံတင်သင်္ဘောများအတွက် အစိုးရ၏ နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု