Skip to main content

သင်္ဘောသားများ၏ ရေရှည်သုံးစွဲသည့်-ဆေးဝါးများ ရယူမှု

news 12 May 2020

Covid-19 ရောဂါကပ်ဘေးကြီးသည် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသား အသိုင်းအဝိုင်းအား များပြားသော အခက်အခဲများနှင့် ထိတွေ့စေခဲ့သည်။ ပင်လယ်ရေကြောင်း အလုပ်ရှင်များနှင့် သင်္ဘောသားများ၏ သမဂ္ဂများသည် အခြား အများအပြားသော အပြည့်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူတကွ အစားအစာ၊ ဆေးဝါးနှင့် လောင်စာအပါအဝင် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများဖြင့် ကမ္ဘာကြီးအား ဖြန့်ဖြူးပေးရန် အတွက် ကျွန်ုပ်တို့ သင်္ဘောသားများ၏ အလုပ်နှင့် အလုပ်အပေါ်ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးရန် အတွက် သေချာစေရန် မရပ်မနား လုပ်ကိုင်ပေးလျက်ရှိသည်။ 

သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် အသိအမှတ်ပြုရန်နှင့် သင်္ဘောပေါ် တက်ရောက်ရန် သို့မဟုတ် သင်္ဘောမှထွက်ခွာရန် သူတို့အပေါ် သက်ရောက်လျက်ရှိသာ ပိတ်ပင်ကန့်သတ်ချက်များကို လျော့ပေါ့ပေးရန်တို့အပြင် လိုအပ်သည့်အခါ ချက်ချင်း ဆေးဘက်ဆိုင်ရာ အကူအညီပေးအပ်ရန် အစိုးရများအား တိုက်တွန်းခဲ့ပြီးဖြစ်ပါသည်။  အဆိုပါ အခြေအနေမှာ လာမည့်မကြာသေးမီကာလ၌ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများသည် သင်္ဘောပေါ်၌ သူတို့၏ အလုပ်တာဝန် သက်တမ်းကာလ ကျော်လွန်နေပြီးဖြစ်သည် သို့မဟုတ် ကျော်လွန်နေလျက်ရှိနေပြီး ၎င်းမှာ သင်္ဘောသားများ၏ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေးကို ဆိုးရွားစွာဖြင့် သက်ရောက်ခဲ့ပါသည်။   ထို့ပြင် သင်္ဘောပေါ် ပိုမိုကြာရှည်နေသည့် ကာလသည် ရေရှည်-သုံးစွဲရမည့် ဆေးဝါးများအတွက် ဆေးညွှန်းစာများ ရရှိရေးနှင့် ရှိနေသည့်ဆေးညွှန်းစာကို အသစ်လဲလှယ်ရန် သူတို့၏ စွမ်းရည်ကို ထိခိုက်ခဲ့ကောင်း ထိခိုက်ခဲ့ပါသည်။

လက်ရှိ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်မည့် အခြေအနေကို ဖြေရှင်းရန် မသေချာ မရေရာမှုနှင့် လိုအပ်သည့်အချိန် မရှိမဖြစ် လိုအပ်မှုနှင့်တကွ သင်္ဘောသားတို့သည် သူတို့လိုအပ်သည့် ရေရှည်သုံးစွဲသည့်-ဆေးဝါးများကို ကြန့်ကြာမှု မရှိစေဘဲ ရယူရန် တောင်းခံရလိမ့်မည်၊ သို့မှသာ အဆိုပါ ဆေးဝါးများကို မရှိမဖြစ် လိုအပ်သည့် အရာပစ္စည်းများ အဖြစ် ဝယ်ယူနိုင်ပြီး ပို့ချပေးနိုင်မည်ဖြစ်သည်။

ဥပဒေပြဌာန်းချက်မှာ တိုင်းပြည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားကြပြီး အချို့ဆေးဝါး အမျိုးအစားများကို ရယူရန်၊ ထပ်မံသုံးရသည့် ဆေးညွှန်းစာကို သုံးရန် သို့မဟုတ် လျှပ်စစ်နည်းအရ ဆေးညွှန်းစာများ ရယူရန် အထူးသဖြင့် လက်ရှိ ပိတ်ပင်ကန့်သတ်ချက်များအရ အမြဲတမ်းအားဖြင့် မဖြစ်နိုင်ပါ။  ထို့ကြောင့် မရှိမဖြစ် လိုအပ်သည့် ကိုယ်ပိုင် ဆေးဝါးများ နည်းနေသည့် သင်္ဘောသားများ လုပ်သင့်သည်မှာ-

  1. ထပ်မံသုံးသည့် ဆေးညွှန်းစာကို ရယူရန် လိုအပ်မှုကို သင်္ဘောမာလိန်မှူးအား ဆိပ်ကမ်းကိုယ်စားလှယ်သို့ သင်္ဘောမှ တောင်းခံချက်ကို ပံပိုးရန်အတွက်နှင့် ဆေးဝါးအား ရယူရန် ဆိပ်ကမ်းအာဏာပိုင်များထံ အချက်အလက်ပေးကမ်းရန်အတွက် မှန်ကန်သော ဆေးခွက်ချိန် အပါအဝင်လိုအပ်သည့် ဆေးဝါး အသေးစိတ်အကြောင်း တိတိကျကျ ဖော်ပြခြင်းအားဖြင့် သတိပေးရန်ဖြစ်သည်။

 

  1. ဖြစ်နိင်သည့်ကိစ္စ၌ လျှပ်စစ်နည်းဖြင့် ဆေးညွှန်းစာကို သင့် GP ထံမှ ဆိပ်ကမ်း မရောက်မီ ရယူထားပါ သို့မဟုတ် ဆေးညွှန်းစာ စက္ကူမိတ္တူကို (ရနိုင်လျှင်) ဆေးဝါးအား ဝယ်ယူရန် အထောက်အထားအဖြစ် လက်ခံသည် ဟုတ်မဟုတ် အတည်ပြုရန်အတွက် ဆိပ်ကမ်း ကိုယ်စားလှယ်ထံ ပေးပါ။

 

  1. အကယ်၍ အချက်အလက်သီးခြားရှိမှုနှင့် လျှို့ဝှက်ထားရှိမှု လိုအပ်ပြီး သူတို့အနေဖြင့် သင်္ဘော၏ စီမံအုပ်ချုပ်ရေးကို အကြောင်းမကြားလိုလျှင်  ဆေးဝါးများ၏ အချက်အလက်များ၊ ပို့ချပေးမှုနှင့် ဝယ်ယူမှုတို့ကို ရယူရန် ITF စိစစ်ရေးမှူး၊ သင်္ဘောသားများ၏ စင်တာများ သို့မဟုတ် မစ်ရှင်ရုံးတို့ကို ဆက်သွယ်ပါ (လက်ရှိ ပိတ်ပင်ကန့်သတ်ချက်များ အတောအတွင်း သင်္ဘောသားများ စင်တာများနှင့် မစ်ရှင်ရုံးများ၏ လှုပ်ရှားမှုကို အကြီးအကျယ် ကန့်သတ်ခံနေရကြောင်း ကျေးဇူးပြု၍ သတိပြုပါ)။

 

  1. ဖြစ်နိုင်လျှင် မိမိတို့ နေထိုင်ရာ နိုင်ငံမှ ဆေးဝါးများကို မှာယူပါ။  သို့သော်လည်း လက်ရှိ ပိတ်ပင်ကန့်သတ်ချက်များအရ ပို့ချပေးမှုမှာ ကန့်သတ်ချက်များနှင့် ကြန့်ကြာမှုများဖြင့် သက်ရောက်မှုရှိနိုင်ပြီး မပို့ချပေးမီ သင်္ဘော ထွက်သွားခြင်းတို့ ဖြစ်နိုင်သည်။   ဆေးညွှန်းစာ ဆေးများပါရှိသော ပါဆယ်ထုတ်များ ပို့ချပေးမှုကိုလည်း Covid-19 ကူးစက်မှု တားဆီးရေးနှင့် ပတ်သက်သည့် သက်ဆိုင်ရာ နိုင်ငံနှင့် ကုမ္ပဏီ မူဝါဒများပေါ် မူတည်၍ သိမ်းဆည်းကောင်း သိမ်းဆည်းနိုင်သည်။

သင်္ဘောသားများ၏ ကျန်းမာရေးသည် ဦးစားပေးကိစ္စဖြစ်သည်၊ ဆေးဝါးများ ရယူရန် အကူအညီလိုအပ်သူ မည်သူမဆို ယခု အကူအညီ တောင်းသင့်သည်။  အကယ်၍ သင့်တွင် သံသယ တစ်ခုခု ရှိလျှင် သို့မဟုတ် အကြံဉာဏ် တစ်ခုခု လိုအပ်လျှင် ကျေးဇူးပြု၍ ဆက်သွယ်ပါ- seafsupport@itf.org.uk သို့မဟုတ် www.seafarerhelp.org  

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 21 Dec 2023

ပင်လယ်နီ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သင်္ဘောသားများ၏ လုံခြုံရေးအတွက် ITF တောင်းဆို

ပင်လယ်နီတွင် ကုန်သွယ်သင်္ဘောများအား တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ( International Transport Workers' Federation ( ITF) ) သည်
news Press Release 19 Dec 2023

ITF သည် San Marino ကို အလံငှါးနိုင်ငံ စာရင်းသွင်း

မကြာသေးမီက ဆန်ဒီးရားဂိုးမြို့၌ ကျင်းပခဲ့သည့် ITF မျှတသော လုပ်ကိုင်ပုံများ ကော်မတီ (ITF Fair Practices Committee) ၏ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်
news Press Release 18 Dec 2023

နည်းဗျူဟာကျသော သင်္ဘောအုပ်စုကို ကန့်ကွက်သည့် သြစတြေးလျ သင်္ဘောလုပ်ငန်း လီမိတက် (Shipping Australia Limited’s) ကို ITF က ပြစ်တင်ရှုတ်ချ

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် ယနေ့၌ သြစတြေးလျနိုင်ငံ အလံတင်သင်္ဘောများအတွက် အစိုးရ၏ နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု