Skip to main content

သင်္ဘောသား Mohammad Aisha အိမ်ပြန်နေပြီဖြစ်၍ ITF အား ကျေးဇူးတင်ရှိသည်၊ စွန့်ပစ်ခံရသော သင်္ဘောပေါ် လေးနှစ်တာ ပြီးဆုံးနေပြီးဖြစ်သည်

news Press Release 26 Apr 2021

သင်္ဘောသား Mohammad Aisha သည် ဤည၌ ၎င်း၏ မိခင်နိုင်ငံ ဆီးရီးယားနိုင်ငံသို့ ပြန်ရန် လေယာဥ်ပေါ် တက်ရောက်နေလျက်ရှိသည်၊ Suez တူးမြောင်းအတွင်းရှိ စွန့်ပစ်ခံထားရသော သင်္ဘောတစ်စီးပေါ်တွင် သင်္ဘောအား ရောင်းချရန် စောင့်ဆိုင်းနေစဉ် သူ့အား အတင်းအကျပ်နေခိုင်းသည့် လေးနှစ်တာ တိုက်ပွဲမှာ ပြီးဆုံးပြီးဖြစ်ပါသည်။

Mr Aisha သည် လွတ်မြောက်ပြီဖြစ်သည် အဘယ်ကြောင့်ဆိုသော် ITF အနေဖြင့် အီဂျစ်နိုင်ငံရှိ မိမိ၏ သမဂ္ဂ ကိုယ်စားလှယ်တစ်ဦးဖြစ်သူအား Mr Aisha ၏နေရာကို လဲလှယ်ယူ၍ သင်္ဘော၏ တရားဝင် အုပ်ထိန်းသူ ဖြစ်လာစေရန် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

Mr Aisha သည် ဘာရမ်နီး-အလံတင် သင်္ဘော MV Aman (IMO 9215517) ပေါ်၌ အီဂျစ်အာဏာပိုင်များက လုံခြုံရေးကိရိယာပစ္စည်း လက်မှတ်များ သက်တမ်းကုန်ဆုံးနေခြင်းကြောင့် ၎င်းသင်္ဘောအား မဖမ်းဆီးမီ နှစ်လ အလိုတွင် အရာရှိချုပ် ဖြစ်ခဲ့သည်။

ပိုင်ရှင်မှ သင်္ဘောအား စွန့်ပစ်လိုက်သည့်အခါ အီဂျစ်နိုင်ငံတရားရုံးက Mr Aisha ကို သင်္ဘော၏ ‘တရားဝင် အုပ်ထိန်းသူ’ အဖြစ် ခန့်အပ်ခဲ့သည် – သင်္ဘောအား ရောင်းချပြီးသည့်အချိန်အထိ သို့မဟုတ် အုပ်ထိန်းသူ အစားထိုးသည်အထိ ၎င်းအား Aman သင်္ဘောပေါ်မှ ထွက်ခွာသွားခြင်းကို တားမြစ်ထားသည်။

သင်္ဘောတွင် လျှပ်စစ်မီး မရှိ၊ ပိုးမွှားများနှင့် ကြွက်များဖြင့် ပြည့်နက်လျက်ရှိသည်။ Mr Aisha သည် ကမ်းခြေသို့ သူ့ဖုန်းအား ဓါတ်အားသွင်းရန်အတွက်နှင့် အစားအစာနှင့်ရေအတွက် ရေကူး၍ သွားခဲ့ရသည်

ဆီးရီးယားနိုင်ငံရှိ အိမ်သို့အပြန် အီဂျစ်နိုင်ငံ ကိုင်ရို လေယာဥ်ကွင်း၌ Mohammad Aisha- (Credit: ITF)

သမဂ္ဂ ကမ်းလှမ်းမှုကြောင့် အောင်မြင်မှု ရယူနိုင်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF))၊ သင်္ဘောသားများအတွက် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ အဖွဲ့ချုပ်သည် Mr Aisha ၏ အရေးကိစ္စကို အီဂျစ်ဆိပ်ကမ်းနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များထံ နေ့စဉ်နှင့်အမျှ ကိုယ်စားပြု၍ လိုက်လုပ်ပေးနေလျက် ရှိသည်။

ITF အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးမှူးဖြစ်သူ Mohamed Arrachedi က ပြောကြားခဲ့သည်မှာ သင်္ဘောပိုင်ရှင်ထံမှ ဆောင်ရွက်မှုမရှိခြင်းကြောင့် လပေါင်းများစွာ စိတ်ပျက်ရပြီးနောက် ဘာရမ်းနီ မှတ်ပုံတင်ရုံးနှင့် အီဂျစ်အာဏာပိုင်များအဖို့ လွန်ခဲ့သည့်အပတ်၌ အောင်မြင်မှုရခဲ့သည်။ ITF သည် အီဂျစ်နိုင်ငံရှိ မိမိ၏ သမဂ္ဂ ကိုယ်စားလှယ်တစ်ဦးဖြစ်သူအား Mr Aisha ၏နေရာကို လဲလှယ်ယူ၍ သင်္ဘော၏ တရားဝင် အုပ်ထိန်းသူဖြစ်လာစေရန် တရားရုံးသို့ တင်လျှောက်ပေးခဲ့သည်။

 “ကျွန်ုပ်တို့၏ ITF အဆက်အသွယ်များအနက် တစ်ဦးကို Mohammad Aisha ၏နေရာအား အစားထိုးပေးရန် ကျွန်ုပ်တို့ တင်လျှောက်သည့်အခါ တရားရုံးက လက်ခံခဲ့ပြီးနောက် ကျွန်ုပ်တို့ လိုအပ်သည့် လူဝင်မှုကြီးကြပ်ရေး ကိစ္စများ ဆောင်ရွက်နိုင်ပြီး Covid PCR စစ်ဆေးမှုများကို ခံယူကာ သူ့အား အိမ်ပြန်ပို့နိုင်ခဲ့ပါသည်။”

သင်္ဘောသား Mohammad Aisha ၎င်း၏ MV Aman တရားဝင် အုပ်ထိန်းသူ နေရာကို အစားထိုးယူပြီး Mr Aisha ကို အိမ်ပြန်ခွင့်ပြုပေးလိုက်သည့် ITF အဆက်အသွယ်နှင့်အတူ မတ်တတ်ရပ်နေပုံ၊ - (Credit: ITF)

“Mohammad သည် သူ့ဘဝ၏ လေးနှစ်တာကာလ ပျောက်ဆုံးခဲ့ပါသည်။”

“ကျွန်ုပ်လုပ်ခဲ့ဘူးသမျှ စိတ်အပျက်ရဆုံး သင်္ဘောစွန့်ပစ်မှုများအနက် တစ်ခုဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် အဆိုပါ အခြေအနေမှာ Mohammad အတွက် ကာလအတန်ကြာအောင် အလွန် အသည်းအသန်ဖြစ်ခဲ့ပါသည်။ Mohammad အပေါ် ဖြစ်ပွားခဲ့သည့် ဒုက္ခမှာ အကယ်၍ သူ့အပေါ် တာဝန်ရှိသည့် သင်္ဘောပိုင်ရှင်နှင့် အခြား တစ်ဖက်အမှုသည်များနှင့် သင်္ဘောသည် အစကတည်းက မှန်သည့်အရာကိုလုပ်ခဲ့လျှင် လုံးဝ ရှောက်ကြဉ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။”

“လွန်ခဲ့သည့် လေးနှစ်အတွင်း အလွန့်အလွန် ပြောင်းလဲခဲ့ပါသည်။ ဆီးရီးယားနိုင်ငံရှိ Mohamed ၏ အိမ်ကို မမှတ်မိနိုင်လောက်ပါ။ သူ၏ မိသားစုဝင်အချို့သည် လွန်ခဲ့သော နှစ်များအတွင်း သေဆုံးခဲ့ပြီးဖြစ်ပါသည်။ နှောင့်နှေးကြန့်ကြာမှုကြောင့် သူသည် သူ့မိခင်ကို မည်သည့်အခါမျှ ပြန်တွေ့မြင်ရလိမ့်မည် မဟုတ်ပါ၊ ၎င်းမှာ အလွန် ဝမ်းနည်းစရာဖြစ်ပါသည်။”

 “Mohammad သည် သူ့ဘဝ၏ လေးနှစ်တာကာလ ပျောက်ဆုံးခဲ့ပါသည်။”

Arrachedi ကပြောကြားခဲ့သည်မှာ Mr Aisha အနေဖြင့် Aman သင်္ဘောပေါ်၌ ချောင်ပိတ်မိခံနေရသည့် သူ၏ အိပ်မက်ဆိုးကြီးသည် နောက်ဆုံး၌ အဆုံးသတ်ခဲ့သည်ကို အတော်လေး မယုံကြည်နိုင်သေးပါ။

 “သူသည် နဂိုအတိုင်း အလွန် ပျော်ရွှင်မိသော်လည်း သူ အလွန် မောပန်းလျက်ရှိပါသည်။ သူ့အား အိမ်ပြန်ပို့ရန် မှားယွင်းမှု အမြောက်မြား ရှိခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သူ၏ ခြေထောက် လေယာဥ်ပေါ် ခြေချမချင်း – ကျွန်ုပ်တို့ ဘာကိုမျှ အမှန်အကန်ဟု မယူဆနိုင်ပါ၊” ဟု Arrachedi က ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသားသည် သူ၏ လေယာဥ်ပျံ မပျံတက်မီ မိနစ်ပိုင်းအတွင်း သူ မည်သို့ ခံစားခဲ့ကြောင်း BBC အားပြောကြားခဲ့သည်   “ကျွန်ုပ် မည်သို့ခံစားရသနည်း။ ကျွန်ုပ် နောက်ဆုံးအနေနဲ့ ထောင်ကလွတ်သလို ခံစားရပါသည်။ ကျွန်ုပ် နောက်ဆုံးတော့ ကျွန်ုပ်၏ မိသားစုနှင့် ပြန်ဆုံရပါမည်။ ကျွန်ုပ် သူတို့အား ပြန်တွေ့ရတော့မှာပါ။"

သင်္ဘောသား Mohammad Aisha သည် သူ၏ လေးနှစ်တာ အိပ်မက်ဆိုးကြီးမှာ နောက်ဆုံး၌ ပြီးဆုံးသွားသည်ကို မယုံကြည်နိုင်အောင်ပင် ဖြစ်သည်။ - (Credit: ITF)

Aman သင်္ဘောပေါ်၌ သူ၏ လေးနှစ်တာကြောင့် ကြောက်သွားခြင်း မရှိဘဲ Mohammad သည် သင်္ဘောလုပ်ငန်း၌ သက်မွေးကြောင်းကို လိုချင်နေတုံးဖြစ်သည်ဟု Mr Arrachedi က ပြောကြားခဲ့သည်။

 “သူ့ဘဝကို ပြန်တည်ဆောက်ရန် ကမ္ဘာကြီးတွင် ချစ်ခင်မှုအပေါင်း ပြည့်စုံပါစေဟု ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်၊” ဟု ညှိနှိုင်းရေးအရာရှိက ပြောကြားခဲ့သည်။

သို့သော်လည်း Mr Aisha ၏ ကိစ္စမှာ မပြီးဆုံးသေးပါ၊ ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ အဖွဲ့ချုပ်သည် သူ၏ လုပ်ခများ ပြန်ရရန် တိုက်ပွဲဝင်လျက်ရှိသည် – သင်္ဘောပိုင်ရှင်များက ၎င်းတို့၏ သင်္ဘောများကို စွန့်ပစ်သည့်အခါ များသောအားဖြင့် လိုအပ်သည့် တိုက်ပွဲဖြစ်ပါသည်။

 “သင်္ဘောစွန့်ပစ်မှု၏ အလွန်ကြီးမားသော နစ်နာဆုံးရှုံးမှုများကို သင်္ဘောသားများကသာ အမြဲအားဖြင့် ခံရသည်မှာ လုံးဝ လက်မခံနိုင်ပါ။ သင်္ဘောစွန့်ပစ်မှုသည် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၏ ကင်ဆာရောဂါတစ်ခုဖြစ်ပြီး ၎င်းကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် လိုအပ်ပါသည်၊” ဟု Arrachedi က ပြောကြားခဲ့သည်။

ITF အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးအရာရှိ Mohamed Arrachedi သည် Mr Aisha ကို နေ့စဉ်နှင့်အမျှ ကိုယ်စားဆောင်ရွက်ပေးနေလျက်ရှိသည်။ “သူ့ဘဝကို ပြန်တည်ဆောက်ရန် ကမ္ဘကြီးတွင် ချစ်ခင်မှုအပေါင်း ပြည့်စုံပါစေဟု ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်၊” ဟု Arrachedi က ပြောကြားခဲ့သည်။ (Credit: ITF)
 

‘တရားဝင် အုပ်ထိန်းသူ’ စနစ်ကို ပြန်လည်ပြုပြင်ရမည်

သင်္ဘောသား စွန့်ပစ်သည့် ကိစ္စများ၌ အီဂျစ်နိုင်ငံ၏ ပြဿနာတက်သည့် ‘တရားဝင် အုပ်ထိန်းသူ’စနစ်အပေါ် Mohammad Aisha ၏ ကိစ္စသည် အရေးကြီးသော မီးမောင်းထိုးပြမှုကို ထိုးပြခဲ့သည်ဟု Mr Arrachedi က ပြောကြားခဲ့သည်။

 “တရားဝင် အုပ်ထိန်းသူများ အဖြစ် သင်္ဘောသားများအား ခန့်အပ်ခြင်းသည် သင်္ဘောသားများအတွက် ကြီးမားသော အခက်အခဲများနှင့် ဒုက္ခကို ဖန်တီးနေခြင်းဖြစ်သည်။”

Mr Aisha ၏ ကိစ္စသည် တူရကီနိုင်ငံသား သင်္ဘောမာလိန်မှူး Vehbi Kara ၏ ကိစ္စနှင့်အလားတူသည်၊ ၎င်းသည် ဆူးဝက်တူးမြောင်းရှိ သင်္ဘောတစ်စီးပေါ် ချောင်ပိတ်မိခံခဲ့ရသည် အီဂျစ်တရားရုံးသည် စွန့်ပစ်ခံရသည့် MV Kenan Mete (IMO 8701935) သင်္ဘော၏ တရားဝင် အုပ်ထိန်းသူ ခန့်အပ်လိုက်သည့်အခါ လပေါင်းများစွာ ချောင်ပိတ်မိခံခဲ့ရသည်။ ITF ကိုယ်စားဆောင်ရွက်ပေးမှုကြောင့် မာလိန်မှူး Kara အား နီးရာဟိုတယ်တစ်ခုတွင် လွတ်ပေးခဲ့သော်လည်း သူသည် အီဂျစ်နိုင်ငံမှ မထွက်ခွာနိုင်ပါ။

 

https://twitter.com/ITFglobalunion/status/1385553823893270531https://twitter.com/mohammad_aisha/status/1385508482208735232
Mohammad Aisha သည် သူ၏ဖုန်းကို ဓါတ်အားသွင်းရန်နှင့် အစားအစာ ရယူရန် စွန့်ပစ်ခံရသည့် MV Aman သင်္ဘောပေါ် သူ၏လေးနှစ်တာ ချောင်ပိတ်မိနေစဉ်အတွင်း ကမ်းသို့ ရေကူးသွားခဲ့ရသည်- (Credit: ITF)

ပြီးပြီး

မှတ်ချက်များ-

  • Mr Aisha ၏ ကျန်းမာရေးကို အကာကွယ်ပေးရန် မီဒီယာများအနေဖြင့် ၎င်းအား လူတွေ့မေးမြန်းမှုလုပ်ရန် ITF အနေဖြင့် ကမ်းလှမ်းမည် သို့မဟုတ် စီစဉ်ပေးမည် မဟုတ်ပါ။
  • ကျွန်ုပ်တို့ အကြံပြုသည်မှာ ITF သည် Mr Arrachedi အား လူတွေ့မေးမြန်းမှု လုပ်ရန်အတွက် တောင်းခံချက် အားလုံးကို မလိုက်လျောနိုင်သည့်အပြင် အထက်တင်ပြထားချက်ကို အသုံးပြုရန် မီဒီယာများအား တိုက်တွန်းပါသည်

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်-    media@itf.org.uk    +44 20 7940 9282

ON THE GROUND

news 21 Dec 2023

ပင်လယ်နီ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သင်္ဘောသားများ၏ လုံခြုံရေးအတွက် ITF တောင်းဆို

ပင်လယ်နီတွင် ကုန်သွယ်သင်္ဘောများအား တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ( International Transport Workers' Federation ( ITF) ) သည်
news Press Release 19 Dec 2023

ITF သည် San Marino ကို အလံငှါးနိုင်ငံ စာရင်းသွင်း

မကြာသေးမီက ဆန်ဒီးရားဂိုးမြို့၌ ကျင်းပခဲ့သည့် ITF မျှတသော လုပ်ကိုင်ပုံများ ကော်မတီ (ITF Fair Practices Committee) ၏ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်
news Press Release 18 Dec 2023

နည်းဗျူဟာကျသော သင်္ဘောအုပ်စုကို ကန့်ကွက်သည့် သြစတြေးလျ သင်္ဘောလုပ်ငန်း လီမိတက် (Shipping Australia Limited’s) ကို ITF က ပြစ်တင်ရှုတ်ချ

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် ယနေ့၌ သြစတြေးလျနိုင်ငံ အလံတင်သင်္ဘောများအတွက် အစိုးရ၏ နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု