Skip to main content

ငါးဖမ်းလုပ်ငန်း အတင်းအကျပ် အလုပ်ခိုင်းမှု တွန်းလှန်ရာ၌ အစိုးရများအနေဖြင့် ဆက်သွယ်ရေးဂြိုဟ်တု နည်းပညာကို အခွင့်ကောင်းယူရမည်

news Press Release 05 Jan 2021

သန်းနှင့်ချီသော ကမ္ဘာ့ငါးဖမ်းသူများအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ သဘောထားပြောဆိုသံတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) မှ ငါးဖမ်းလုပ်ငန်း ကိုယ်စားလှယ်များက ပြောဆိုသည်မှာ ဆက်သွယ်ရေး ဂြိုဟ်တု အချက်အလက်များကို အသုံးပြုနေသည့် ယူအက်စ်-အခြေချ သုတေသနပြုသူများမှ လေ့လာမှုအသစ်တစ်ခု သည် လုပ်ငန်းကဏ္ဍရှိ အလုပ်သမား ချိုးဖောက်မှုများ အတိုင်းအတာနှင့် သင်္ဘောများပေါ်ရှိ ခေတ်သစ် ကျွန်ပြုမှုနှင့် လူခိုးသွင်းမှုတို့ကို တွန်းလှန်ရန် ဥပဒေဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် နည်းပညာကို မည်ကဲ့သို့ အသုံးချနိုင်ကြောင်း နှစ်မျိုးလုံးကို ထုတ်ဖော်ပေးသည်။

ITF ၏ ငါးဖမ်းလုပ်ငန်း ဌာနခွဲ ညှိနှိုင်းအရာရှိဖြစ်သူ Rossen Karavatchev က ပြောကြားခဲ့သည်မှာ ကြီးမားသည့် ငါးဖမ်းလုပ်ငန်း သင်္ဘောကြီးများပေါ်၌ အလုပ်သမား 100,000 မျှ အမြောက်အမြား အတင်းအကျပ် အလုပ်ခိုင်းစေမှုများတွင် အလားအလာရှိကြောင်း သုတေသနလုပ်သူများအနေဖြင့် ဖော်ထုတ်ပေးခဲ့သည်ကို သိရှိရသည်မှာ ITF သည် မအံ့သြခဲ့ပါ၊ လေ့လာမှုသည် ဥပဒေဆိုင်ရာ အရေးယူမည့် အာဏာပိုင်အတွက် လုပ်ကိုင်ပုံနည်းလမ်း အသစ်တို့ကို ဖော်ပြထားပါသည်။

သုတေသနပြုသူများသည် လူ့အခွင့်အရေး မတော်မတရားပြုမှုများ၌ ဆောင်ရွက်နေနိုင်ဖွယ်ရှိသည့် သင်္ဘောများ၏ အပြုအမူများကို ရှာဖွေသိရှိရန်အတွက် တစ်ကမ္ဘာလုံး ငါးဖမ်းခြင်း စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (Global Fishing Watch) မှ ဆက်သွယ်ရေးဂြိုဟ်တု အချက်အလက်များကို စက်ပိုင်းဆိုင်ရာ လေ့လာချက်နှင့် လူနှင့် အလုပ်သမားများ အခွင့်အရေး အဖွဲ့အစည်းများမှ သိရှိချက်တို့ကို ပူးပေါင်းတွဲဖက်ထားသည်။ ၎င်းတို့ နောက်ယောက်ခံ စောင့်ကြပ်ကြည့်ရှုသည့် သင်္ဘော အစီး 16,000 ၏ 26 ရာခိုင်နှုန်းတွင် သင်္ဘောသားများမှာ အတင်းအကျပ် အလုပ်ခိုင်းစေမှု အန္တရာယ် မြင့်မြင့်မားမားရှိနေကြောင်း မြင်တွေ့ခဲ့ရသည်။

“လေ့လာမှု နောက်တစ်ခုက ဤကိစ္စ ကမ္ဘာအနှံ့ ပြန့်ကျဲနေလျက်ရှိကြောင်း တင်ပြသည်ကို ကျွန်ုပ်တို့ မအံ့သြပါ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ငါးဖမ်းလုပ်ငန်း၌ လူ့အခွင့်အရေး ဖောက်ဖက်မှုများ လက်မခံနိုင်လောက်အောင် အကြီးအကျယ် ပျံ့နှံ့နေခြင်းဖြစ်သည်။ သို့သော်လည်း ဤသုတေသနသည် ပြဿနာအတိုင်းအဆကိုသာ တင်ပြသည်မကဘဲ ငါးဖမ်းလုပ်ငန်းကို သန့်စင်ပေးရန်နှင့် သင်္ဘောများပေါ်ရှိ ထောင်ပေါင်း ရာနှင့်ချီသော အလုပ်သမားများ၏ အတိဒုက္ခကို အဆုံးသတ်သွားစေရန်အတွက် အတင်းအကျပ် အလုပ်ခိုင်းစေမှုနှင့် လူခိုးသွင်းမှုတို့ကို တွန်းလှန်ရန် အစိုးရများအနေဖြင့် မည်ကဲ့သို့ နည်းပညာကို သွတ်သွင်းနိုင်ကြောင်းကိုလည်း ပြသထားပါသည်၊” ဟု Karavatchev က ပြောကြားခဲ့သည်။

“ဤလေ့လာမှုသည် ငါးဖမ်းလုပ်ငန်း သင်္ဘောများပေါ် ဖြစ်ပွားနေကြောင်း ကျွန်ုပ်တို့ သိရှိနေသည့် အများအပြား ပြန့်ကျဲဖြစ်ပွားလျက်ရှိသော အလုပ်သမား ချိုးဖောက်မှုများ၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ လူခိုးသွင်းမှု၊ နှင့် လူကျွန်ပြုမှုများကို တွန်းလှန်ရန်အတွက် ၎င်းတို့၏ ရင်းမြစ်များကို အသုံးပြုစေရန် အစိုးရများအပေါ် ဖိအား ပိုမိုပေးပါသည်။ အစိုးရများတွင် လုပ်နည်းကိရိယာများ ရှိပါသည် – သူတို့ ၎င်းတို့ကို အဘယ်ကြောင့် မသုံးကြသနည်း။”

ITF ငါးဖမ်းလုပ်ငန်း ဌာနခွဲ အကြီးအကဲဖြစ်သူ Johnny Hansen က ပြောကြားခဲ့သည်မှာ  ငါးဖမ်းလုပ်ငန်းများ ခေါင်းပုံဖြတ်မှုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက်သာ ပြဿနာတစ်ခု ဖြစ်သည်သာမကဘဲ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံများ၏ မီတာ ရာနှင့်ချီသော အကွာအဝေးရှိ ကမ်းလွန်နေရာများတွင်လည်း မကြာခဏ ဖြစ်ပွားနေခဲ့ပါသည်။

“ဤကာလီဖိုးနီးယား တက္ကသိုလ် လေ့လာချက်က ITF အနေဖြင့် အရေးယူလုပ်ဆောင်ရန် နိုးဆော်လျက်ရှိသော နယ်မြေများကို အထင်းသားဖော်ပြထားသည်၊ ၎င်းတို့မှာ အရှေ့တောင်အာရှ နှင့် တောင်အတ္တလန်တိတ် ဖြစ်ကြသော်လည်း ၎င်းသည် ကနေဒါ၊ နယူးဇီလန်နှင့် ဉရောပမြောက်ပိုင်း ကမ်းလွန်၌ ကျွန်ုပ်တို့ မြင်တွေ့ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြီးထွားလာသည့် အထောက်အထားများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။”

“ကျွန်ုပ်တို့အနေဖြင့် အစိုးရများကို နားလည်စေချင်သည်မှာ ထိုင်ဝမ်၊ တရုတ်နှင့် ပေါတူဂီကဲ့သို့သော နိုင်ငံများမှ ကြီးမားသည့် သင်္ဘောများသည် ဤတစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်း၌ ကမ္ဘာကြီးအား ဖြတ်သန်းသွားလာပြီး အမိနိုင်ငံ၌ အလုပ်ရှင်များကို သပိတ်မှောက်ရလိမ့်မည့် အလုပ်သမား နှိပ်စက်မှုလုပ်ကိုင်ပုံများကို လုပ်ကိုင်နေကြပါသည်။ သူတို့သည် ကမ္ဘာ့တောင်ပိုင်းရှိ နိုင်ငံများမှ ငါးဖမ်းအလုပ်သမားများကို အလုပ်ခန့်၊ ခေါ်ဆောင်လာ သို့မဟုတ် လှည့်စား၍ ဤမျောနေသော အကျဉ်းထောင်များပါ် တက်ရောက်ခိုင်းကာ ယင်းနောက် ကမ္ဘာအနှံ့ရှိ နက်ရှိုင်းသော ကမ်းတစ်လျှောက် ပင်လယ်ရေထဲသို့ ထွက်ခွာကြသည်။

“ဤအစီရင်ခံစာက ရှင်းလင်းပြသလိုက်သည်မှာ ငါးဖမ်းလုပ်ငန်း ခေါင်းပုံဖြတ်မှုကို တွန်းလှန်ခြင်းသည် အစိုးရတိုင်း၏ တာဝန်ဖြစ်ပါသည်၊” ဟု Hansen က ပြောကြားခဲ့သည်။

ITF သည် ဥရောပနှင့် အရှေ့တောင် အာရှ နှစ်ခုလုံးတွင် ငါးဖမ်းလုပ်ငန်း စီမံကိန်းများကို ထောက်ခံအားပေးနေလျက်ရှိသည်၊ လုပ်ငန်းကဏ္ဍ၌ ခေါင်းပုံဖြတ်မှုကို တွန်းလှန်ရန်နှင့် ဒေသခံ ငါးဖမ်းသမားများအား ၎င်းတို့၏ စိုးရိမ်မှုများကို အစိုးရများထံ တင်ပြရန် လုပ်ပိုင်ခွင့်တိုးမြှင့်ပေးရန်အတွက် ထောက်ခံအားပေးလျက်ရှိသည်။

ON THE GROUND

news 21 Dec 2023

ပင်လယ်နီ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သင်္ဘောသားများ၏ လုံခြုံရေးအတွက် ITF တောင်းဆို

ပင်လယ်နီတွင် ကုန်သွယ်သင်္ဘောများအား တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ( International Transport Workers' Federation ( ITF) ) သည်
news Press Release 19 Dec 2023

ITF သည် San Marino ကို အလံငှါးနိုင်ငံ စာရင်းသွင်း

မကြာသေးမီက ဆန်ဒီးရားဂိုးမြို့၌ ကျင်းပခဲ့သည့် ITF မျှတသော လုပ်ကိုင်ပုံများ ကော်မတီ (ITF Fair Practices Committee) ၏ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်
news Press Release 18 Dec 2023

နည်းဗျူဟာကျသော သင်္ဘောအုပ်စုကို ကန့်ကွက်သည့် သြစတြေးလျ သင်္ဘောလုပ်ငန်း လီမိတက် (Shipping Australia Limited’s) ကို ITF က ပြစ်တင်ရှုတ်ချ

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် ယနေ့၌ သြစတြေးလျနိုင်ငံ အလံတင်သင်္ဘောများအတွက် အစိုးရ၏ နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု