Skip to main content

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း- ITF နှင့် JNG ပူးတွဲ ထုတ်ပြန်ချက်

news 24 Jun 2020

The ITF နှင့် ပူးတွဲညှိနှိုင်းရေးအုပ်စု (Joint Negotiating Group) တို့သည် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်းအဖွဲ့ (International Chamber of Shipping) နှင့်အတူတကွ Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီး စတင်ဖြစ်ပွားကတည်းကစ၍ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ပြဿနာအပေါ် ဖြေရှင်းချက်များကို ရှာဖွေရန်နှင့်ပတ်သက်၍ မမောမပန်း လုပ်ကိုင်ခဲ့ကြပါသည်။

ITF ၏ “တော်လောက်ပြီး၊ နောက်ထပ် သည်းမခံနိုင်တော့ပါ” လှုံ့ဆော်မှုက ရည်မှန်းသည်မှာ အမျိုးမျိုးသော အစိုးရနှင့် အာဏာပိုင်များအနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ပိတ်ပင်ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန်အတွက် တွန်းအားပေးခြင်းဖြစ်သည်၊ JNG နှင့် ၎င်း၏ အသင်းသားများ ရည်မှန်းထားချက်များမှ ဆန့်ကျင်ဝေးကွာပါသည်။

ITF နှင့် JNG တို့က အသိအမှတ်ပြုသည်မှာ သင်္ဘောသားများအနေဖြင့် မိမိတို့၏ သက်တမ်းတိုးပေးခဲ့သည့် ကန်ထရိုက်ကာလ ပြီးဆုံးသည့်အခါ၊ သူတို့သည် ရုပ်ပိုင်းဆိုင်ရာ နှင့်/သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနေကြပြီး သူတို့သည် အတတ်ပညာပိုင်းဆိုင်ရာ လိုအပ်သည့် အဆင့်၌ မိမိတို့၏ အလုပ်တာဝန်များကို ဘေးကင်းစွာ ဆက်လက်ထမ်းဆောင်ရန် မလုပ်နိုင်စွမ်းတော့ပါ။ ယခုအဆင့်၌ တာဝန်ရှိရှိ လုပ်ဆောင်ရမည့် လုပ်ရပ်မှာ သူတို့၏ အလုပ်ကန်ထရိုက်ကို သက်တမ်း ထပ်မတိုးပေးဘဲ အိမ်ပြန်ပို့ရန်အတွက် တောင်းဆိုရန်ဖြစ်သည်။

ဤကိစ္စသည် သပိတ်မှောက်ရန် သွေးထိုးပေးနေခြင်း မဟုတ်ပါ။ သူတို့၏ ကန်ထရိုက်သည် ပြီးဆုံးခဲ့ပြီ၊ သင်္ဘောမှာ ဆိပ်ကမ်းတွင် ဘေးကင်းစွာ ရောက်ရောက်ချင်း သူတို့တွင် နောက်ထပ် သက်တမ်း မတိုးရန် အခွင့်အရေးရှိပါသည်။ လေယာဥ် နည်းပါးမှု နှင့်/သို့မဟုတ် သူတို့ကို အစားထိုးမည့်သင်္ဘောဝန်ထမ်း မရှိခြင်းကြောင့် သင်္ဘောသား တစ်ဦးကို သင်္ဘောပေါ်မှ ဆင်းရန်အတွက် ငြင်းဆိုခံရမည့် အခြေအနေများ ရှိပါလိမ့်မည်ဖြစ်သော်လည်း သူတို့အား အတင်းအကျပ် အလုပ် လုပ်ခိုင်း၍လည်း မရနိုင်ပါ။

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (United Nations Secretary General)  နှင့် အခြား UN အေဂျင်စီရုံးများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organisation (ILO)) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organisation (IMO)) တို့နှင့်အတူ  လူမှုရေးဆိုင်ရာ ဖက်စပ်သူများအနေဖြင့် သွက်သွက်လက်လက် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့ထံမှ အများပြည်သူ ထောက်ခံမှုကို လက်ခံရရှိခဲ့ပါသည်။ ကျွန်ုပ်တို့၏ အဖွဲ့ဝင် သမဂ္ဂများနှင့် ၎င်းတို့၏ အသင်းဝင်များ ၎င်းတို့၏နိုင်ငံ့ အစိုးရများနှင့် ဆွေးနွေးမှုများကို ကျွန်ုပ်တို့ ထောက်ခံခဲ့ပြီး သင်္ဘောသားများ အရေးပေါ် ဆေးဝါးကုသမှု ရရှိရေးကို ကူညီပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဖွဲ့ဝင် နိုင်ငံ့ သမဂ္ဂများ၊ ဒေသဆိုင်ရာ အသင်းဝင်များနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များတို့မှ တစ်ဆင့် ဤလူသားချင်းစာနာရမည့် အကျပ်အတည်းအတွက် ဖြေရှင်းချက်များကို ရှာဖွေရန် အတူတကွ လုပ်ကိုင်ခဲ့ပါသည်။

ထို့ပြင် ကျွန်ုပ်တို့သည် IBF CBAs တို့အရ အကျုံးဝင်သည့် သင်္ဘောသားများ၏ အလုပ်အကိုင် သဘောတူစာချုပ်များ (Seafarers’ Employment Agreements) သက်တမ်း တိုးမြှင့်ရေးကို နှစ်ကြိမ်တိုင်တိုင် ညှိနှိုင်းခဲ့ပြီး သဘောတူခဲ့သည့်အပြင် နောက်ထပ် ရက်ပေါင်း ၃၀ အကောင်အထည်ဖော်ရေး ကာလအဖြစ် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများအတွက် လက်တွေ့ကျကျ ဖြေရှင်းချက်များ အစိုးရများက ချမှတ်ပေးရေးကို သဘောတူပေးခဲ့ပါသည်။

ဥရောပ ညီမတော် အဖွဲ့အစည်းဖြစ်သည့် ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers Federation (ETF)) နှင့် ဥရောပ အသိုင်းအဝိုင်း သင်္ဘောပိုင်ရှင်များ အသင်း  (European Community Shipowners Association (ECSA)) တို့နှင့်အတူ ကျွန်ုပ်တို့သည် Schengen အတွင်း ဗီဇာ သတ်မှတ်ချက်များကို လျှော့ပေါ့ပေးရန် ဥရောပ ကော်မရှင် (European Commission) သို့ စည်းရုံး၍ဆွယ်ခဲ့ပြီး ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့် အသင်းသားများသည်လည်း ၎င်းတို့၏ အစိုးရများသို့ ထို့အတူ စည်းရုံး၍ဆွယ်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် အစည်းအဝေးတစ်ရပ်ကို အဓိကကျသည့် အလံတင် နိုင်ငံ အာဏာပိုင်များ၊ ILO နှင့် IMO တို့အကြား သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အခက်အခဲများကို ဆွေးနွေးရန် စီစဥ်ပေးခဲ့ပြီး လေယာဥ်ခရီးစဥ် အခက်အခဲအပေါ် ဖြေရှင်းချက်များ ရှာဖွေရန် ICAO နှင့် IATA အကြား စည်းဝေးပွဲများ ကျင်းပပေးခဲ့ပါသည်။

ကျွန်ုပ်တို့သည် အခြားသော ပင်လယ်ရေကြောင်း-မဟုတ်သော၊ အစိုးရ-မဟုတ်သော အဖွဲ့အစည်းများ (NGOs) ကို ဆက်သွယ်ခဲ့ပြီး သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း အသိရှိမှု မြှင့်တင်ပေးစေရန် ထောက်ခံမှုအတွက်နှင့် အစိုးရများအား စည်းရုံး၍ဆွယ်ပေးရန် သူတို့၏ အဆက်အသွယ်များကို အသုံးချရန်အတွက် မေတ္တာရပ်ခံခဲ့ပါသည်။

ကျွန်ုပ်တို့သည် ပူးတွဲ၍ ရရှိနိုင်သော သံတမန်အရ နည်းလမ်းတိုင်းကို အသုံးချခဲ့သော်လည်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှာ အဓိက ပြဿနာတစ်ရပ်ဖြစ်နေလျက်ရှိသေးသည်။ နေ့စဥ်နှင့်အမျှ ကျွန်ုပ်တို့သည် စိတ်လှုပ်ရှားပြီး ပင်ပန်းနွမ်းနယ်လျက်ရှိသော သင်္ဘောဝန်ထမ်းများထံမှ စိုးရိမ်ဖွယ်ကောင်းသော အမှာစာများ လက်ခံရရှိပါသည်၊ သူတို့၏ ကိုယ်ပိုင် အစိုးရများအပါအဝင် အစိုးရများမှာ သူတို့အား မေ့နေကြပြီဟု အဆိုပါ သင်္ဘောဝန်ထမ်းများသည် ထင်မြင်နေကြပါသည်။ သို့သော်လည်း ITF အနေဖြင့် တစ်ကြိမ်သာ မကဘဲ ကုမ္ပဏီများနှင့် အလုပ်ရှင်များအပေါ် ရှုပ်ချခဲ့သည် သို့မဟုတ် အပြစ်တင်ခဲ့သည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှာ အဓိက ပြဿနာအဖြစ် ရှိနေလျက် ရှိနေပါသေးသည်။

ITF မှ ထုတ်ဝေသည့် “သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးဆိုင်ရာ သင့် အခွင့်အရေးများနှင့်ပတ်သက်သည့် လမ်းညွှန်” သည် JNG ကို အပြစ်မတင်ပါ။ လမ်းညွှန်ကို ပြင်ဆင်ထားသည့် ILO MLC 2006 မှ ကောက်နုတ်ချက်များဖြင့် ဖွဲ့စည်းထားသည်။ ကမ္ဘာ့ရောဂါကပ်ဘေးကြီး စောစောပိုင်း အဆင့်များ၌ ILO သည် ရုံးတွင်းစာ တစ်စောင်ကို ထုတ်ပြန်ခဲ့သည်၊ ၎င်းစာတွင် force majeure အကြောင်းကို ပြောဆိုခဲ့ပြီး ၎င်းမှာ ထိုအချိန် Covid-19 ကူးစက်ပျံ့နှံ့မှု တိုးနေသည့်အခါ၌ လိုအပ်သည့် ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။ မကြာသေးမီက ILO အတည်ပြုခဲ့သည်မှာ force majeure (မလွန်ဆန်နိုင်သော အဖြစ်အပျက်) ကို သင်္ဘောသားများ၏ အလုပ်ကန်ထရိုက် သက်တမ်းတိုးခြင်းအတွက် အားလုံးကိုခြုံပြောသည့် အကြောင်းရင်းတစ်ခုအဖြစ် အသုံးမပြုနိုင်တော့ပါ၊ သို့သော်လည်း ၎င်းတို့ကို ကိစ္စတစ်ခုချင်းအပေါ် အခြေခံပြီး စဥ်းစားရမည် ဖြစ်သည်။

ကျွန်ုပ်တို့၏ အဓိက စိုးရိမ်မှုမှာ ပင်ပန်းနေကာ၊ စိတ်သောကရောက်နေပြီး အသည်းအသန်စိတ်ပျက်နေသော သင်္ဘောဝန်ထမ်းများကို လွတ်ပေးရန် ပျက်ကွက်ခြင်းသည် မတော်တဆဖြစ်ရပ်များ သို့မဟုတ် အဓိက အဖြစ်အပျက်များကိုသာ ဖိတ်ခေါ်နေခြင်းဖြစ်သည်၊ ၎င်းသည် သင်္ဘောလုပ်ငန်း ကဏ္ဏနှင့် ကမ္ဘာ့ရောဂါကပ်ဘေးကြီး တစ်လျှောက်လုံး ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ကို ဆက်လက် စီးဆင်းနေအောင် ကျွမ်းကျင်စွာနှင့် တာဝန်ရှိရှိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆက်လက် လုပ်ကိုင်ပေးနေသည့် အတူတူဖြစ်သော ထိုသင်္ဘာသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ဖြစ်သည်။ ကမ္ဘာ့ အသိုင်းအဝိုင်းများသည် ပင်လယ်ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ပေးသည့် ကုန်ပစ္စည်းများအပေါ် မှီခိုနေကြကြောင်း ကျွန်ုပ်တို့ နားလည်သော်လည်း သင်္ဘောပေါ်ရှိ ကျွန်ုပ်တို့၏ သင်္ဘောသားများမှာ ဤတာဝန်၏ ဝန်ထုပ်ဝန်ပိုးကို အကန့်အသတ်မရှိ ထမ်းဆောင်နိုင်မည် မဟုတ်ပါ။ သူတို့သည် သူတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီးဖြစ်သည်၊ ယခု သူတို့ ကျွန်ုပ်တို့၏ ထောက်ခံမှုကို ရထိုက်ပါသည်။

ကျွန်ုပ်တို့သည် ကုမ္ပဏီများကို ဆက်လက်၍ ပံ့ပိုးပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ဆက်သွယ်ရေးကွန်ခြာများနှင့် အဆက်အသွယ်များဖြစ်သည့် UN နှင့် အခြား အေဂျင်စီရုံးများနှင့်တကွ နိုင်ငံတွင်းအားဖြင့် နှစ်မျိုးလုံးကို ၎င်းတို့အား ကူညီပေးရန် အသုံးပြုပါမည်။ ကျွန်ုပ်တို့ အလေးထားသည်မှာ ဤအချိန်ကာလသည် လူတိုင်းအတွက် ခက်ခဲသည့်အချိန်ဖြစ်ပြီး ဖြေရှင်းချက်များကို ရှာဖွေရာ၌ ကျွန်ုပ်တို့ အတူတကွ လက်တွဲလုပ်ကိုင်လိုပါသည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 21 Dec 2023

ပင်လယ်နီ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သင်္ဘောသားများ၏ လုံခြုံရေးအတွက် ITF တောင်းဆို

ပင်လယ်နီတွင် ကုန်သွယ်သင်္ဘောများအား တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ( International Transport Workers' Federation ( ITF) ) သည်
news Press Release 19 Dec 2023

ITF သည် San Marino ကို အလံငှါးနိုင်ငံ စာရင်းသွင်း

မကြာသေးမီက ဆန်ဒီးရားဂိုးမြို့၌ ကျင်းပခဲ့သည့် ITF မျှတသော လုပ်ကိုင်ပုံများ ကော်မတီ (ITF Fair Practices Committee) ၏ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်
news Press Release 18 Dec 2023

နည်းဗျူဟာကျသော သင်္ဘောအုပ်စုကို ကန့်ကွက်သည့် သြစတြေးလျ သင်္ဘောလုပ်ငန်း လီမိတက် (Shipping Australia Limited’s) ကို ITF က ပြစ်တင်ရှုတ်ချ

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် ယနေ့၌ သြစတြေးလျနိုင်ငံ အလံတင်သင်္ဘောများအတွက် အစိုးရ၏ နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု