Skip to main content

ကမ်းပေါ်၌ အရေးပေါ် ဆေးဝါးကုသမှု အတွက် သင်္ဘောသားများ၏ အခွင့်အရေးကို လေးစားပေးပါ

news 28 Apr 2020

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (The International Labour Organization (ILO) Maritime Labour Convention 2006 (MLC)) သည် ရှင်းပါသည် – သင်္ဘောပေါ်၌ အလုပ်လုပ်ကိုင်နေစဥ် သင်္ဘောသား တစ်ဦးတွင် လုံလောက်သော ကျန်းမာရေး အကာအကွယ်ပေးမှု နှင့် မရှိမဖြစ် လိုအပ်သည့် သွားဖက်ဆိုင်ရာ ကုသမှု အပါအဝင် ချက်ချင်းနှင့် လုံလောက်သော ဆေးဝါးကုသမှုတို့အတွက် အခွင့်အရေးရှိသည်။ ၎င်းမှာ ကမ်းခြေရှိ အလုပ်သမားများ ယေဘုယျအားဖြင့် ရရှိနေသည့် ဆေးဝါးကုသမှုနှင့် ဖြစ်နိုင်သမျှ နှိုင်းယှဥ်နိုင်ရမည် ဖြစ်ပြီး အရည်အချင်းမှီ ဆေးဆရာဝန် တစ်ဦးထံ သို့မဟုတ် သွားဆရာဝန်ထံ သွားပြရန် ဆိုက်ကပ်သည့် ဆိပ်ကမ်း၌ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ခွင့်ပြုခံရမည့် အခွင့်အရေး ပါဝင်ပါသည်။

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (The International Maritime Organization (IMO)) သည်လည်း အစိုးရများနှင့် နိုင်ငံ အာဏာပိုင်များထံ Covid-19 ကမ္ဘာအနှံ့ရောဂါကပ်ကြီး အတောအတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ ကုန်သွယ်ရေး ပံ့ပိုးပေးရေးနှင့်ပတ်သက်၍ အကြံပြုချက်များ ပဏာမ စာရင်းတစ်ခုကို ထုတ်ပေးခဲ့သည်၊ ၎င်းတွင် အစိုးရများနှင့် နိုင်ငံ့ အာဏာပိုင်းများအား မေတ္တာရပ်ခံထားသည်မှာ -

  1. သင်္ဘောသားဝန်ထမ်း အပြောင်းအလဲလုပ်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် သင်္ဘောမှဆင်းခြင်း မဟုတ်လျှင် သို့မဟုတ် သင်္ဘောပေါ်၌ မရနိုင်သော အရေးပေါ် ဆေးဝါးကုသမှုကို ရယူရန် သင်္ဘောပေါ်မှ ဆင်းပေးခြင်း မဟုတ်လျှင် ဆိပ်ကမ်း၌ ရှိနေစဥ် သင်္ဘောဘုတ်အဖွဲ့ အရာရှိများအား သင်္ဘောပေါ်သို့ ယာယီအားဖြင့် တားမြစ်ပေးခြင်း (အခြေအနေက အခြားနည်းအရ ခွင့်ပြုသည်မှ လွဲ၍ သို့မဟုတ် ခွင့်ပြုသည့်တိုင်) ကို စဥ်းစားပေးရန်
  2. ဆေးဖက်ဆိုင်ရာ အရေးပေါ် အခြေအနေများ ဖြစ်ရပ်၌ သင်္ဘောသားများအား အရေးပေါ် ဆေးဝါးကုသမှု ကမ်းခြေ၌ ရယူရန်ကို ပံ့ပိုးပေးရန် တို့ဖြစ်သည်။  

ကမ္ဘာ့ခေါင်းဆောင်များက Covid-19 ကူးစက်ပျံ့နှံ့မှုကို လျှော့ချစေရန် အရေးယူလုပ်ဆောင်ချက်များကိုချမှတ်ရန် အလုအယက်ကြိုးပမ်းရင်း မိမိတို့၏ နိုင်ငံသားများအတွက် လုံလောက်သော ဆေးဝါးကုသမှု ရရှိရန် သေချာအောင် လုပ်ပေးနေစဥ် သင်္ဘောသားများကို မေ့နေကြသည်၊ ဗိုင်းရတ်စ် သက်ရောက်မှုများကို တွန်းလှန်ရန် အစိုးရများ လိုအပ်သည့် ဆေးဝါးကိရိယာပစ္စည်းနှင့် ဆေးဝါးများ အပါအဝင် လိုအပ်သည့် ကုန်ပစ္စည်းများ၏ သယ်ယူပို့ဆောင်ရေး လုပ်ပေးရာ၌ သူတို့အနေဖြင့် အခရာကျသည့် အခန်းကဏ္ဍတွင် လုပ်ကိုင်ပေးနေသော်လည်း သူတို့အား မေ့နေကြသည်။  

နေ့တိုင်းလိုလို အရေအတွက် ပိုမိုများပြားလာနေသော သင်္ဘောသားများသည် မိမိတို့၏ အလုပ်ခန့် စာချုပ်များကို သင်္ဘောပေါ်၌ ၆ လမှ ၁၀ လ အကြား နေခဲ့ရပြီးနောက် သက်တမ်းကုန်ဆုံးရက်ကျော်လွန်ပြီး သက်တမ်းတိုးခံရသည်ကို သဘောတူနေကြရသည်။  ဒုက္ခခံစားမှုအပေါ် ဆော်ကားမှုကို ထပ်တိုးရန် ကံမကောင်းစွာဖြင့် သင်္ဘောသား အများအပြားသည် နိုင်ငံ သို့မဟုတ် ဒေသဆိုင်ရာ တားမြစ်ပိတ်ပင်မှုများကြောင့် Covid-19 နှင့် မဆက်နွှယ်သည့် လိုအပ်သော အရေးပေါ် ဆေးကုသမှုအား ငြင်းပယ်ခံနေကြရသည်။  အချို့ ဆေးဖက်ဆိုင်ရာ ပြဿနာများမှာ အသေးအဖွဲဖြစ်သော်လည်း အခြားကိစ္စများမှာ ပြင်းထန်ကြပြီး ချက်ချင်း ဆေးကုပေးရန်လိုအပ်သည့် အသက်ကို ခြိမ်းခြောက်သည့် အလားအလာရှိပါသည်။

ဖြစ်ရပ်တစ်ခုတွင် သင်္ဘောသား တစ်ဦးသည် ရုတ်တရက် ကြီးကျယ်သော စူးရှနာကျင်မှု သူ၏ ဘယ်ဖက်မျက်လုံး၌ ဖြစ်ခဲ့ပြီး ၎င်းမှာ အလင်းရောင်ကို မခံနိုင်သည့်အထိ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုဆိုးရွားလာခဲ့သည်။  သင်္ဘောသည် မျက်လုံး အထူးကုဆရာဝန် တစ်ဦးနှင့် ဆွေးနွေးခဲ့သည်၊ အဆိုပါ အထူးကုဆရာဝန်က သင်္ဘောသား၏ အမြင်အာရုံအတွက် စိုးရိမ်ပူပန်ခဲ့ပြီး သင့်တော်သော ကုသမှုအတွက် ဆေးကုသရန်အတွက် ချက်ချင်း ထွက်ခွာပေးရန် အကြံပြုခဲ့ပါသည်။  ကံမကောင်းစွာဖြင့် အင်ဒိုနီးရှား ဆိပ်ကမ်း အာဏာပိုင်များက အဆိုပါ သင်္ဘောသားအား သင်္ဘောပေါ်မှ ဆင်းရန်ကို ငြင်းပယ်ခဲ့သည်၊ ဆိပ်ကမ်း ကိုယ်စားလှယ်၊  P&I အသင်းနှင့် သံရုံးတို့က ကြိုးစားပေးသော်ငြားလည်း ငြင်းပယ်ခံခဲ့ရသည်။  အင်ဒိုနီးရှားနိုင်ငံရှိ  ITF အဖွဲ့ဝင် Kesatuan Pelaut Indonesia (KPI)၊ အင်ဒိုနီးရှားနိုင်ငံ မော်ရိုဝါလီရှိ ဆိပ်ကမ်းအာဏာပိုင်များတို့၏ တင်းတင်းမာမာ စွက်ဖက်မှုလုပ်ပြီးနောက် နောက်ဆုံးအဆင့်၌ အဆိုပါ သင်္ဘောသားမှာ  သင်္ဘောပေါ်မှ ဆင်းခွင့်ပြုပြီး ဆေးကုသမှုကို ရခဲ့ပါသည်။

ဆုမားထရာကျွန်း ကမ်းလွန်တစ်နေရာရှိ သင်္ဘောပေါ်မှ သင်္ဘောသားတစ်ဦး၏ အသက်ကို ကယ်တင်ရန် လိုအပ်သည့် အရေးပေါ် ဆေးကုသမှုအတွက် ထွက်ခွာရေးအား အကြိမ်ကြိမ် တောင်းဆိုချက်များကိုလည်း အင်ဒိုနီးရှား အာဏာပိုင်များက ပယ်ချခဲ့ပါသည်။  သင်္ဘောသားမှာ စိတ်ရှုပ်ထွေးခြင်း၊ နှုတ်အသံထွက် ရောထွေးမပီသခြင်း၊ ဘယ်ဖက်ပခုံးအောက် နာကျင်ခြင်း၊ ဘယ်ဖက် လက်မောင်း နာကျင်ခြင်း နှင့် ခြေထောက် အကြောသေခြင်းတို့အပါအဝင် လေဖြတ်သော လက္ခဏာများ ပြသခဲ့ပါသည်။  ကမ္ဘာလုံးဆိုင်ရာ ခရီးထွက်သူ အကူအညီ (Global Voyager Assistance) မှ ဆရာဝန်တစ်ဦးက အတည်ပြုခဲ့သည်မှာ သင်္ဘောသားကို ကုသမှုအတွက် ဆေးရုံသို့ ချက်ချင်း ပို့သင့်သည်၊ ဤကိစ္စမှာ သေရေးရှင်ရေး အခြေအနေ အလားအလာရှိသောကြောင့်ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ဒေသဆိုင်ရာ ဆိပ်ကမ်း အာဏာပိုင်များသည် မာလိန်းမှုးထံမှ ဆေးကုသရန်အတွက် ထွက်ခွာမှု တောင်းခံချက် နှစ်ရပ်ကို Covid-19 တားမြစ်ပိတ်ပင်မှုများကြောင့် ငြင်းပယ်ခဲ့ပါသည်။  ITF အဖွဲ့ဝင်များဖြစ်သည့် ရုရှား သင်္ဘောသားများ သမဂ္ဂ (Seafarers Union of Russia) နှင့် အင်ဒိုနီးရှားရှိ KPI တို့က ရုရှားနှင့် အင်ဒိုနီးရှား နိုင်ငံများမှ တာဝန်ရှိ အာဏာပိုင်များတို့နှင့်တကွ ILO နှင့် IMO အပါအဝင် ITF နှင့် ၎င်း၏ သက်ဆိုင်ရာ UN အေဂျင်စီရုံးများတို့၏ ပံ့ပိုးမှုဖြင့် ဝင်ရောက်စွက်ဖက်မှုလုပ်ခြင်းကြောင့် ပထမဦးဆုံး အကြိမ် တောင်းဆိုမှု လုပ်ပြီးကတည်းကစ၍ လေးရက်လုံးလုံး ကြာပြီးနောက် အဆိုပါ သင်္ဘောသားအား သင်္ဘောပေါ်မှ ဆင်းခွင့်ရခဲ့ပြီး ဆေးရုံသို့ ခေါ်ဆောင်သွားခံခဲ့ရသည်။

ဤကိစ္စများမှာ သတင်းပို့ခံခဲ့ရသည့် ကိစ္စများအနက် အချို့သာ ဖြစ်ပါသည်။   မိမိတို့၏ ဆေးကုသခံမည့် အခွင့်အရေးအား ငြင်းပယ်ခံရသည့် သင်္ဘောသားများ နမူနာ ပို၍များများ ရှိပါသည်။  အစိုးရများသည် အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံ့ ဥပဒေပြဌာန်းချက်တွင် ပြဌာန်းထားသည့် သင်္ဘောသားများ၏ လူ့အခွင့်အရေးများကို ငြင်းဆိုရန် လက်ရှိ ကိုရိုနာဗိုင်းရတ်စ်ကို အသုံးမပြုနိုင်ပါ။
 
ပင်လယ်ရေကြောင်း လူမှုရေးဆိုင်ရာ ဖက်စပ်သူများဖြစ်သည့် JNG နှင့် ITF သည် သင်္ဘောသားများ၏ ဆေးဖက်ဆိုင်ရာ စောင့်ရှောက်မှုနှင့် ကုသမှု အခွင့်အရေးအား တိုးမြှင့်ပြီးလေးစားပေးရန် အစိုးရများအား အရေးပေါ်အားဖြင့် တောင်းဆိုပါသည်။ ၎င်းသည် ကမ္ဘာ့ကုန်သွယ်ရေးကို ဆက်လက် ရှင်သန်နေရန်အတွက် လိုအပ်သည်သာ မကဘဲ မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများအား ၎င်းတို့ကို လိုအပ်သောသူများထံသို့ ဆက်လက် သယ်ယူပို့ပေးရန်ဖြစ်သော်လည်း ဤကိစ္စမှာ အခြေခံ လူ့အခွင့်အရေး တစ်ရပ်ဖြစ်ပြီး ၎င်းကို ရောဂါကပ်ကြီးကြောင့် ဘေးဖယ်ထား၍ မရနိုင်ပါ။  သင်္ဘောသားများသည် အခရာကျသော အလုပ်သမားများ ဖြစ်ကြပြီး သူတို့၏ အတတ်ပညာဆိုင်ရာ ဝန်ဆောင်မှုများနှင့် အဓိဌာန်ချထားမှု မရှိလျှင် ကမ္ဘာ့နိုင်ငံကြီးသားများမှာ ပိုမို၍ ဆိုးရွားလာမည် ဖြစ်ပါသည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 21 Dec 2023

ပင်လယ်နီ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သင်္ဘောသားများ၏ လုံခြုံရေးအတွက် ITF တောင်းဆို

ပင်လယ်နီတွင် ကုန်သွယ်သင်္ဘောများအား တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ( International Transport Workers' Federation ( ITF) ) သည်
news Press Release 19 Dec 2023

ITF သည် San Marino ကို အလံငှါးနိုင်ငံ စာရင်းသွင်း

မကြာသေးမီက ဆန်ဒီးရားဂိုးမြို့၌ ကျင်းပခဲ့သည့် ITF မျှတသော လုပ်ကိုင်ပုံများ ကော်မတီ (ITF Fair Practices Committee) ၏ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်
news Press Release 18 Dec 2023

နည်းဗျူဟာကျသော သင်္ဘောအုပ်စုကို ကန့်ကွက်သည့် သြစတြေးလျ သင်္ဘောလုပ်ငန်း လီမိတက် (Shipping Australia Limited’s) ကို ITF က ပြစ်တင်ရှုတ်ချ

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် ယနေ့၌ သြစတြေးလျနိုင်ငံ အလံတင်သင်္ဘောများအတွက် အစိုးရ၏ နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု